မြို့နယ်အဆင့် Grade(5) သင် ရိုးသစ်သင်ကြားရမည့်ဆရာ / ဆရာမများအား ဆင့်ပွားသင်တန်းများပို့ချ

ရွှေတောင်မေ ၁၀

နိုင်ငံတော်မှ ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အဓိကသော့ချက်အကျဆုံး နေရာတွင် ပါဝင် နေသောကြောင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ရွှေတောင်မြို့နယ်ရှိ ကျောင်းများမှ ဆရာ၊ ဆရာမများအား Grade(5) သင်ရိုးသစ်အား မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို (အထက) ရွှေတောင် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်း၌ စတင်ပို့ချပေးလျက်ရှိသည်။

အဆိုပါ အခြေခံပညာ မူလတန်းအဆင့် Grade5 (သင်ရိုးသစ်)အား အ‌ခြေခံပညာကျောင်းပေါင်း (၁၇၉)ကျောင်းမှ မြို့နယ် အဆင့်သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ(၇၆၀)ဦး တက်ရောက်ကြပြီး နည်းပြအဆင့် ဆရာ၊ ဆရာမတို့က မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ကာယပညာ ဘာသာရပ်တို့အား မေ(၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)