ထန်းတပင်မြို့နယ်၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ထန်းတပင်(ပဲခူး) မေ ၁၃

အနာဂတ်ကလေးငယ်များအား စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အတတ်ပညာအသိပညာများ ပြည့်စုံလာစေရန် ရည်ရွယ်၍ တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေး စာဖတ်ခန်းတွင် ယနေ့နံနက်ပိုင်းက အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍‌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး‌‌ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။

ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မျိုးဆက်သစ် လူငယ်လေးများ အသိပညာဗဟုသုတ တိုးပွားစေရန် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း အပြင်သင်တန်းများ၊ ပန်းချီပြိင်ပွဲ၊စက္ကူခေါက်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲစသည့် အစီအစဉ်များအား ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)