ဒဂုံအရှေ့ မေ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ စာကြည့်တိုက်များကို ပိုမိုအသုံးချ တတ်လာပြီး စာပေများကို လေ့လာဖတ်ရှုကာ စာပေအသိပညာ ဗဟုသုတများ မြှင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းအိမွန်က ရှင်းလင်းပြောကြားပေးခဲ့သည်။
၎င်းနောက်ပြပွဲတွင် အသိပညာဗဟုသုတများစွာ ရရှိစေမည့် သုတရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ပြီး မြို့နယ်လှုပ်ရှား ဆောင်ရွက်မှု မှတ်တမ်းပုံများ၊ လျှပ်စစ်ဓာတ်အားခြိုးခြံချွေတာစွာ သုံးစွဲနိုင်ရေး၊ ရေကိုခြိုးခြံချွေတာစွာ သုံးစွာနိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ Book Club အဖွဲ့နှင့် စာကြည့်တိုက်သို့ လာရောက်သော စာဖတ်/စာငှားသူ ပြည်သူများ စိတ်ဝင်တစားလာရောက် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝင်းအိမွန်