ကြာအင်းဆိပ်ကြီး မေ ၁၃
၂၀၂၁ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူခဲ့သည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အလှူတော်ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းပူဇော်ခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၅)ရပ် ကွက်၊ဗိုလ်ချုပ်လမ်းရှိ မြို့လယ်သာသနာ့ဗိမာန်တော် ကြီး၌ ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ စူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် မင်းကျောင်းဆရာတော်ဘုရားကြီးမှ ငါးပါးသီလတရားတော်မြတ်အားချီးမြှင့်တော်မူပြီး ၂၀၂၁ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၌ ကြွရောက်ဖြေဆို အောင်မြင်တော်မူခဲ့သည့် မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းများမှ စာအောင်သံတော် ပထမကြီးတန်းမှ (၁)ပါး၊ ပထမလတ်တန်းမှ(၁)ပါး၊ ပထမငယ်တန်းမှ(၂)ပါး၊ အခြေပြုမူလတန်းမှ(၉)ပါး၊ စုစုပေါင်း စာအောင် သံဃာ(၁၃)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာ တာဝန်ရှိသူများစာအောင်လက်မှတ် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဝတ္ထုအလှူတော်ငွေအား ဆက်ကပ်လှူဒါန်းပူဇော်ပြီး အခမ်းအနားသို့ ကြွရောက်ချီးမြှင့်တော်မူကြသည့် နာယကဆရာတော်ကြီးများ စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများနှင့် စာချဆရာတော်များအား ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် ရပ်မိရပ်ဖစေတနာအလှူရှင် ဒါယကာဒါယိကာမများတို့က လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြောင်းသိရသည်။
ထို့နောက်မင်းကျောင်းဆရာတော်ဘုရားကြီးမှ ဒါယကာ ဒါယိကာမများအား သာဓုအနုမောသနာတရားနှင့် ရေစက်ချတရားတော်ချီးမြှင့်တော်မူပြီး ရေစက် သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားသို့ ကြွရောက်လာကြတော်မူသည့် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး