လှိုင်းဘွဲ မေ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကာယ၊ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြိုင်ပွဲများဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကလေးငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်တွင် စာပေဗဟုသုတများ ရရှိစေရန်အတွက် စာကြည့်တိုက်ကို လာရောက်အသုံးပြုကြရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာပြီး အသိပညာဗဟုသုတများ ပိုမိုရရှိလာစေရန်နှင့် အုပ်စုဖွဲ့ပြိုင်ပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ အုပ်စုလိုက်စက္ကူလေယာဉ်ပစ်ပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲနှင့်ဘိုးလင်းပစ်ပြိုင်ပွဲတို့ကို ကျောင်းသား/ကျောင်းသူများက ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)