နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စစ်ကြောင်းကြီး ( ၅ ) ကြောင်းဖြင့် ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းဟောပြောဆွေးနွေး
လွိုင်ကော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာန ဆိုင်ရာများပူးပေါင်းပါဝင်သော အုပ်ချုပ်ရေးစစ်ကြောင်း ၊ နိုင်ငံရေးစစ်ကြောင်း ၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုး ရေးစစ်ကြောင်း စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား တွေ့ဆုံဟောပြောဆွေးနွေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က လွိုင်ကော်မြို့ မြေနီကုန်းမြို့ဦးရပ်ကွက် မြို့ဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။