ကယားပြည်နယ်

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ပေါ်ရှိ ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီး ကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြုဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက် ၈ နာရီအချိန်က လွိုင်ကော်မြို့ပေါ်ရှိ ဘုရားစေတီပုထိုးများတွင် ထုံးသင်္ကန်းများ ကပ်လှူခြင်းနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဌာနဆိုင်ရာများမှ စုပေါင်း၍ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဖား​ဆောင်းမြို့၌ မြို့နယ်အိမ်ခြံ​မြေအကျိုး​ဆောင်များဆိုင်ရာ ညွှန်ကြားချက်များ ရှင်းလင်းခြင်းအခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင်မြို့နယ်တွင်း အိမ်ခြံ​မြေအကျိုး​ဆောင်လုပ်ကိုင်​နေသူများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊​ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်​ရေးမှူးများ၊ အိမ်ခြံ​မြေလုပ်ငန်းစိတ်ဝင်စားသူများမှတစ်ဆင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်​စေရန် ရည်ရွယ်၍အိမ်ခြံ​မြေ အကျိုး​ဆောင်များဆိုင်ရာ  ညွှန်ကြားချက် အမှတ်(၁/ ၂၀၂၂) ထပ်ဆင့်ပြန်လည် ရှင်းလင်း​ဆွေး​နွေးခြင်းကို ယ​မန်​​နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး  အစည်းအ​ဝေး ခန်းမ၌  ကျင်းပခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် လွိုင်ကော်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး ဌာနဆိုင်ရာရုံးများအား သွားရောက်ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် လွိုင်ကော်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့ရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စစ်ကြောင်းကြီးငါးကြောင်းပါဝင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ဟွေပါလန်ကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် လူငယ်နှင့်ဘဝတန်ဖိုး စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

နောင်အနာဂတ်မျိုးဆက်သစ်များ ကိုယ်ကျင့်တရားကောင်းမွန်ပြီး မှားမှန်ကျိုးကြောင်းခွဲခြားနိုင်သော လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Boook Club)နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်နည်း( ဖိနပ်ချုပ်) သင်တန်းဆင်းပွဲကျင်းပ

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် သမဝါယမနှင့်​ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ​ တောင်​ပေါ်​ကျေးရွာတွင် ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်နည်း(ဖိနပ်ချုပ်)သင်တန်းဆင်းပွဲကို ယ​နေ့နံနက် ၁၀ နာရီက တောင်ပေါ်ကျေးရွာခန်းမ​ဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုးအိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်(​အမက)​​တောင်​ပေါ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ထူးချွန်ဆုများပေးအပ်ချီးမြှင့်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊​ တောင်​ပေါ်​ကျေးရွာ(အမက)​ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏထူးချွန်ဆုများပေးအပ်ပွဲအခမ်းအနားကို ယမန်​နေ့က​ကျေးရွာခန်းမ​ဆောင်၌ ကျင်းပခဲ့သည်။

ဖားဆောင်းမြို့နယ် တောင်ပိုင်းရပ်ကွက်၌ အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး အသိပညာပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများက ယနေ့နံနက်(၈)နာရီ အချိန်က တောင်ပိုင်းရပ်ကွက်၌ အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ် ​ကျောက်ပဲညို​ကျေးရွာတွင် ​ဆောင်း​နေကြာစပ်မျိုး​ရေဆင်း(၁)စံပြကွက် စိုက်ခင်း(၃)ဧက ရိတ်သိမ်း​နေမှုကို တာဝန်ရှိသူများ ကြည့်ရှုအား​ပေး

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ် ​ကျောက်ပဲညို​ကျေးရွာတွင် ဆောင်း​​နေကြာစပ်မျိုး​ရေဆင်း (၁)စံပြကွက်စိုက်ခင်း(၃)ဧက ရိတ်သိမ်း​နေမှုအား မြို့နယ်စိုက်ပျိုး​ရေးကြီးကြပ်မှု​ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များက ယ​နေ့နံနက်(၈)နာရီအချိန်က သွား​ရောက်ကြည့်ရှုအား​ပေးခဲ့​ကြကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်