ဖားဆောင်း ဖေဖော်ဝါရီ ၁၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအား အိမ်တိုင်ရာရောက် လူမူရေးပင်စင်ထောက်ပံ့ငွေ လက်ဝယ်အရောက်ပေးအပ်ခြင်းများကို ယနေ့နံနက်၉နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မြင်ဦးနှင့်အဖွဲ့များက ကွင်းဆင်းဆောင်ရွက်ပေးအပ်ခဲ့ကြောင်းသိရသည်။
ဖားဆောင်းမြို့နယ်အတွင်းရှိအသက်( ၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှတစ်လလျှင်ကျပ်တစ်သောင်းနှုန်းဖြင့်( ၃) လတစ်ကြိမ်ထောက်ပံ့ပေးလျှက်ရှိရာ၂၀၂၂/ ၂၀၂၃ဘဏ္ဍာရေး နှစ်( အောက်တိုဘာ၊ နိုဝင်ဘာ၊ဒီဇင်ဘာ)တတိယ(၃) လပတ်အတွက်လူမှုရေးပင်စင် ထောက်ပံ့ငွေအား အဘိုးအဘွား တစ်ဦးလျှင်သုံးသောင်းကျပ်နှုန်း ကို လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဘက်ဂျက်ငွေစရင်းမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အဆိုပါလူမှုရေး ပင်စင်ထောက်ပံ့ငွေ များကိုမြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မြင်ဦး၊ မြို့နယ်လူမှူဝန်ထမ်းဦးစီးဌာနမြို့နယ်တာဝန်ခံဒေါ်နန်းချိုလေးမွန်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ရပ်ကျေးစာရေးများကအိမ်တိုင်ရာရောက်ထောက်ပံ့ပေးကြောင်းသိရသည်။
ဖားဆောင်းမြို့နယ်အတွင်းတွင်အသက်( ၈၅) နှစ်နှင့်အထက်အဘိုး( ၂၉) ဦး၊အဘွား( ၂၄) ဦးစုစုပေါင်း( ၅၃) ဦးရှိရာလူမှုရေးပင်စင်ထောက်ပံ့ငွေကျပ်( ၁၅၉၀၀၀၀)ကျပ်အားအဘိုးအဘွားများ လက်ဝယ်အရောက်ထောက်ပံ့ပေးကြောင်းသိရသည်။
နန်းသဲနုအောင် ( ဖားဆောင်း)