မယ်စဲ့ ဖေဖော်ဝါရီ ၁၄
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ အသက်ငါးနှစ်အောက် ကလေးငယ်များအား သန်ချဆေးများ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာ၊ ဆရာမများဖြစ်သည့် ဒေါ်ချိုမာ၊ ဒေါ်မေးဘာ၊ ဒေါ်သန်းရွှေနှင့် ဦးဗျားရယ်တို့က မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား တီဘီရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ပိုလီယို၊ အဆုတ်ရောင်ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ မေးခိုင်ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးတို့ကို ထိုးနှံပေးခြင်း၊ အသက်ငါးနှစ်အောက်ကလေးငယ်များအား သန်ချဆေးတိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကလေးမိခင်များအား ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဝတ်ရည်(မယ်စဲ့)