လွိုင်ကော် ဖေဖော်ဝါရီ ၁၄
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးဒေါ်သိန်းသိန်းမြင့်က CRC ကို ၁၉၉၁ ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့တွင် မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ် ဥပဒေအားပြဌာန်းနိုင်ခဲ့ရာ နည်းဥပဒေကို ၂၀၀၁ ခုနှစ်တွင် ဆက်လက်ပြဌာန်းခဲ့ကြောင်း၊ အဆိုပါဥပဒေနှင့်နည်းဥပဒေကို ခေတ်ကာလနှင့်လျော်ညီအောင် ပြုပြင်ရေးဆွဲပြီး ၂၀၁၉ ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအဖြစ်ပြဌာန်းခဲ့ကြောင်း၊ ယခင်အသက်(၁၆)နှစ်အောက်ကို ကလေးသူငယ်အဖြစ် သတ်မှတ်ရာမှ ၂၀၁၉ ခုနှစ်တွင် အသက်(၁၈) နှစ်အောက်ကို ကလေးသူငယ်အဖြစ် သတ်မှတ်ပြဌာန်းနိုင်ခဲ့ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြငှာန်းချက်များကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီများကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ ဖွဲ့စည်းထားပြီး ကလေးသူငယ်၏ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ပေးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ဌာနဆိုင်ရာများနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲများ ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး လွိုင်ကော်မြို့နယ် ခရိုင်လူမှုဝန်ထမ်းရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်မာဝင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
ကိုဇင်(လွိုင်ကော်)