ဖားဆောင်းမြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

ဖားဆောင်း ဖေဖော်ဝါရီ ၁၃

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​​ဆောင်းမြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက မြို့နယ်အုပ်ချုပ်​ရေးမှူးရုံး အစည်း​ဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားသို့တက်​ရောက်လာကြသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​​တော်အလံနှင့် ကျဆုံး​လေပြီး​သော အာဇာနည်​ခေါင်း​ဆောင်ကြီးများကို အ​လေးပြုခဲ့ကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​​ရေးမှူး ဦးသက်မြင့်ဦးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသော (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား ဖတ်ကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ကျင်းပပြုလုပ်သည့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာ​ရေးပြိုင်ပွဲနှင့်​ ဆေးရောင်စုံခြယ် ပြိုင်ပွဲတွင် ဆုရရှိသူများအားဆုများကို မြို့နယ်အုပ်ချုပ်​ရေးမှူးနှင့် တာဝန်ရှိသူများက​ပေးအပ် ချီးမြှင့်​ခဲ့​​ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဆုရ​ကျောင်းသား၊​ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်းနှင့် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၆) နှစ်​​မြောက် သတင်းစကား လက်ကမ်းစာ​စောင်အား ဖြန့်​ဝေခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)