လွိုင်ကော် ဖေဖော်ဝါရီ ၁၆
လွိုင်ကော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာန ဆိုင်ရာများပူးပေါင်းပါဝင်သော အုပ်ချုပ်ရေးစစ်ကြောင်း ၊ နိုင်ငံရေးစစ်ကြောင်း ၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုး ရေးစစ်ကြောင်း စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား တွေ့ဆုံဟောပြောဆွေးနွေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က လွိုင်ကော်မြို့ မြေနီကုန်းမြို့ဦးရပ်ကွက် မြို့ဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမိုးဝင်းထက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံတော်၏လက်ရှိအခြေအနေ ဒေသနေပြည်သူများ၏ ပညာရေး၊ ကျန်မာရေး၊ လူမှုရေးစသည့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်ရန် ကွင်းဆင်းလာရောက်ခြင်း ဖြစ်ပါ ကြောင်း၊ ပြည်သူလူထုများမှလည်း မိမိတို့၏လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေး ပေးကြစေလိုကြောင်း နှင့် သက်ဆိုင်ရာဌာနများမှ လိုအပ်ချက်အလိုက် ပေါင်းစပ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးကျော်က နိုင်ငံရေးဖြစ်စဉ်အဆင့်ဆင့် ပြောင်းလဲလာမှု အခြေအနေများကိုလည်းကောင်း၊ စစ်ကြောင်းကြီး(၅)ကြောင်းတွင်ပါဝင်သော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူတို့ကမိမိတို့ဌာနအလိုက် ပြည်သူလူထု နှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အကြောင်းအရာများအားလည်းကောင်း အသေးစိတ်ရှင်းလင်းဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများအား ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်း လွိုင်ကော်အခြေ စိုက် အမှတ်(၇)တပ်မတော် စစ်ဆေးရုံမှ အရာရှိနှင့် စစ်သည်များမှ ပြည်သူလူထုများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခပေးခြင်း ၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် သေဆုံးစာရင်းပယ်ဖျက်ပေးခြင်း ၊အသိပညာပေးလက်ကမ်း စာစောင်များဖြန်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကိုဇင်(လွိုင်ကော်)