ကယားပြည်နယ်

လွိုင်ကော်မြို့၌ မီးဘေးလုံခြုံရေးဟောပြောပို့ချခြင်းဆောင်ရွက်

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ လွိုင်ကော်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်လျော့နည်းစေရေးနှင့် မီးသတ်ဆေးဘူးများ အသုံးပြုတတ်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေးဟောပြောပို့ချခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း မင်းရဲကျော်စွာ ခန်းမ၌ ဆောင်ရွက်သည်။

ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

မယ်စဲ့မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ခရိုင်အဆင့်အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေနံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ် စုစည်း​​ကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေး အသိပညာပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများက ယနေ့နံနက်(၈)နာရီအချိန်က စုစည်း​ကျေးရွာ၌ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုးအိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့ မြို့နာမ်ရတနာစျာန်​အောင်​စေတီ​တော်တွင် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်း​လောင်းလှူပွဲနှင့် စု​ပေါင်းထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိ​သောအသင်းများအား ဆုချီးမြှင့်ပွဲကျင်းပ

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့သူမြို့သားများမှ သံသရာဝဋ်ဆင်းရဲမှကင်းလွတ်ရာ၊​ အေးငြိမ်းရာမှန်မြတ်နိဗ္ဗာန်ကို ရည်သန်​တောင့်တလျက် နှစ်စဉ်ကျင်းပမြဲဖြစ်​သော မြို့နာမ်ရတနာစျာန်​အောင်​စေတီ​တော်တွင် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်း​လောင်းလှူပွဲနှင့် စု​ပေါင်းထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိ​သောအသင်းများအား ဆုချီးမြှင့်ခြင်းကို ယမန်နေ့နံနက် ၇ နာရီချိန်က အဆိုပါ​စေတီ​တော်ရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖား​ဆောင်းမြို့ မြို့နာမ်ရတနာစျာန်​အောင်​စေတီ​တော်တွင် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်း​လောင်း လှူပွဲနှင့်စု​ပေါင်းထမနဲထိုးပြိုင်ပွဲတွင်ဆုရရှိ​သော အသင်းများအားဆုချီးမြှင့်ပွဲကျင်းပ

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့သူမြို့သားများမှ သံသရာဝဋ်ဆင်းရဲမှ ကင်းလွတ်ရာ၊​ အေးငြိမ်းရာမှန်မြတ်နိဗ္ဗာန်ကို ရည်သန်​တောင့်တလျှက် နှစ်စဥ်ကျင်းပမြဲဖြစ်​သော မြို့နာမ်ရတနာစျာန်​အောင်​စေတီ​တော်တွင် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်း​လောင်းလှူပွဲနှင့် စု​ပေါင်းထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိ​သော အသင်းများအား ဆုချီးမြှင့်ခြင်းကို ယ​မန်နေ့ နံနက်၇ နာရီ ချိန်က အဆိုပါ​စေတီ​တော်ရင်ပြင်တွင်ကျင်းပပြုလုပ်ခဲ့သည်။

ဖား​ဆောင်းမြို့နယ်၊ မြို့နာမ်ရတနာစျာန်​အောင်​စေတီ​တော်ကြီးတွင် ဗုဒ္ဓပူဇနိယပွဲ​တော် မြန်မာ့ရိုးရာစု​ပေါင်း ထမနဲထိုးပြိုင်ပွဲကျင်းပ

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်​တော် မြို့နာမ်ရတနာစျာန်​အောင်​ စေတီ​တော်ကြီးတွင် ဗုဒ္ဗပူဇနိယပွဲ​တော် မြန်မာ့ရိုးရာစု​ပေါင်းထမနဲထိုးပြိုင်ပွဲကို ယ​မန်​နေ့ အဆိုပါ​စေတီ​တော်ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဇစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မယ်စဲ့မြို့ အခြေခံပညာအထက်တန်း ကျောင်း၌ အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်