ကယားပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးများ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးများတွင် ဝါဆိုလအတွင်း သံဃာတော်များ စိတ်နှလုံး ချမ်းမြေ့စွာ သီတင်း သုံးနိုင်ရေးနှင့် ပြည်သူများ စိတ်ကြည်လင်အေးချမ်းစွာ လာရောက်ကုသိုလ်ပြုနိုင်ရေး တို့အတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ် ဆောင်ရွက်ခဲ့ ကြသည်။