လွိုင်ကော်မြို့၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်

လွိုင်ကော် ဩဂုတ် ၂၇

ကယားပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် လွိုင်ကော်မြို့နယ်အတွင်းရှိ ပြည်သူများ တနိုင်တပိုင် မွေးမြူသည့် တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူးစက်ရောဂါဖြစ်ပွားလာပါက ကူးစက်ပျံ့နှံမှုကို အချိန်မှီထိန်းချုပ် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုကို ဩဂုတ်လ တတိယအပတ်မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့နံနက်ပိုင်းက  ကယားပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ပြည်သူများ တနိုင်တပိုင်မွေးမြူသည့် တိရစ္ဆာန်များအား ကျွဲ နွား ခွာနာလျှာနာရောဂါ၊ အရေပြားအကျိတ်ရောဂါအကြောင်းနှင့် ဇီဝလုံခြုံမှုဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကျေးရွာရှိ နွားမွေးမြူရေးခြံများတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ ကျွဲနွား (၉၆)ကောင်ကို ကျွဲ၊ နွားလည်ချောင်းကွဲရောဂါနှင့် ကျွဲ နွား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံခြင်း၊  အသားစားကြက်၊ ဥစားကြက်နှင့်ဝက်မွေးမြူရေးခြံများတွင် ပိုးသတ်ဆေးဖြန်းခြင်း၊  ဝက်(၇၀)ကောင်အား အခမဲ့ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုဇင်(ပြန်/ဆက်)