ဘောလခဲမြို့ ရှမ်းပိုင်းရပ်ကွက်အတွင်းရှိ ပြည်သူများအား ထမင်းထုပ်၊ ဆန်၊ ကော်ဖီမစ်၊ ဖျော်ရည်ထုပ်နှင့် ပဲပုတ်များ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဘောလခဲ   စက်တင်ဘာ   ၃

စစ်ဗျူဟာ(အခြေချ)ဘောလခဲမှ ရှမ်းပိုင်းရပ်ကွက်အတွင်းရှိ ပြည်သူများအား ထမင်းထုပ်၊ ဆန်၊ ကော်ဖီမစ်၊ ဖျော်ရည်ထုပ်နှင့်ပဲပုတ်များ ပေးအပ်ပွဲအခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက ဘောလခဲမြို့ အထကကျောင်း(ခန်းမ)တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် စစ်ဗျူဟာ(အခြေချ)ဘောလခဲမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ဇော်လွင်နှင့်ဇနီး၊ တပရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်များနှင့် ၎င်းတို့၏ဇနီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်နှင့် အဖွဲ့ဝင်များက ရှမ်းပိုင်းရပ်ကွက်အတွင်းရှိ ပြည်သူ(၁၈၀)ဦးအား ထမင်းထုပ်၊ ဆန်၊ ကော်ဖီမစ်၊ ဖျော်ရည်ထုပ်နှင့်ပဲပုတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)