ကယားပြည်နယ်

ဘောလခဲမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ခြင်းအခမ်းအနားကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

ကယားပြည်နယ်ဥပဒေချုပ်ရုံး၌ လုပ်ငန်းလမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ ဥပဒေအရာရှိများ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ လုပ်ငန်းလမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ကယာပြည်နယ် ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဘောလခဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အ.ထ.က (ဘောလခဲ)ကျောင်း၌ မေ ၂၆ ရက် နံနက်ပိုင်းက ကျင်းပသည်။

ဘောလခဲမြို့နယ်တွင် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် “နိုင်ငံတော်စဉ်ဆက်ပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် "နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်း‌အပ်နှံကြပါစို့" မြေစိုက်ပိုစတာကို  အ.ထ.က(ဘောလခဲ) ကျောင်းရှေ့၌ မေ ၂၆ ရက်နံနက်ပိုင်းက ဆောင်ရွက်‌ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ အခြေခံပညာကျောင်းများ၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံနေမှုများအား ကြည့်ရှုအားပေး

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၌ နိုင်ငံတစ်ဝန်းတွင် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်မည်ဖြစ်၍ ကယားပြည်နယ်အတွင်း အခြေခံပညာကျောင်းများတွင် မေ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်း သီတင်းပတ်အစီအစဉ်ကို စတင်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဘောလခဲမြို့၊ကမ်းနားလမ်းတွင် ရေကြီးနစ်မြှုပ်စင်က တင်ကျန်နေသောသဲနုန်းများဖယ်ရှားရှင်းလင်းခြင်းစုပေါင်းဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင် ၊ဘောလခဲမြို့ ကမ်းနားလမ်းတွင်ယခင်ရေကြီးနစ်မြှုပ်စဉ်က တင်ကျန်နေသောသဲနုန်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့် လမ်းဘေးဝဲယာခြုံနွယ်များသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)အချိန်က ပြုလုပ်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှု၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း သန့်ရှင်းသာယာရေးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ ပြုပြင်နိုင်ရေး ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှု၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း သန့်ရှင်းသာယာရေးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆောက်အအုံများ ပြုပြင်နိုင်ရေးဆောင်ရွက်မည့်အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

လွိုင်ကော်မြို့၌ (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပ

(၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို လွိုင်ကော်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊ ကွန်ပျူတာပန်းချီနှင့် ကွန်ပျူတာ ပိုစတာပြိုင်ပွဲကို ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)တွင်လည်းကောင်း ယမန်နေ့နံနက်ပိုင်းက အသီးသီး ဆောင်ရွက်ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ အားကစားအဆင့်အတန်းမြင့်မားစေရေး၊ မျိုးဆက်သစ်လူငယ်အားကစားသမားများနှင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများပေါ်ထွက်လာစေရေးအတွက် ဒေသတွင်းအားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးလျက်ရှိရာ ယနေ့နံနက်က လွိုင်ကော်မြို့ ပြည်နယ်အားကစားကွင်းဖူဆယ်အားကစားရုံ၌ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုံခြုုံရေးအခြေအနေအရ ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအနက် ပြည်လည်ဖွင့်လှစ်၍ရသည့်ကျောင်းများကို ယခု ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းအပ်လက်ခံပြီး ပြန်လည်ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Subscribe to ကယားပြည်နယ်