ဘောလခဲ မေ ၂၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် "နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာကို အ.ထ.က(ဘောလခဲ) ကျောင်းရှေ့၌ မေ ၂၆ ရက်နံနက်ပိုင်းက ဆောင်ရွက်ကြသည်။
အဆိုပါ ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ(ဆိုင်းဘုတ်) စိုက်ထူရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်၊ စစ်ဗျူဟာ(အခြေချ) ဘောလခဲမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်မျိုးထွဋ်၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ဆိုင်းဘုတ်ကို အမွှေးနံ့သာပက်ဖျန်း၍ ဖွင့်လှစ်ပေးသည်။
ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူရာသို့ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၆ ခုနှစ် မေလ (၂၅) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းများစတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်