ကယားပြည်နယ်ဝန်ကြီးချုပ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းရှိ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား သွားရောက်တွေ့ဆုံ
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (လွိုင်ကော်) သင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။