၂၀၂၅ ခုနှစ်၊ ကယားပြည်နယ် ဒီဇင်ဘာလူထုအားကစားလ (စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်သူများ ကျန်းမာကြံ့ခိုင်သော နေ့စဉ်လူမှုဘဝများကို ပိုင်ဆိုင်နိုင်ရန် ဒီဇင်ဘာလူထုအားကစားလ (စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့တွင် စုရပ်ပြုလုပ် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)မှ မိသားစုဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ဆင်နွှဲကြသည်။