ဘောလခဲမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်

ဘောလခဲ မေ ၃၀

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ခြင်းအခမ်းအနားကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လဝကမှူးတို့က နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် နေ့ချင်းပြီးဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်များအား ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)