ဘောလခဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ဘောလခဲ မေ ၂၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အ.ထ.က (ဘောလခဲ)ကျောင်း၌ မေ ၂၆ ရက် နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပညာရေးဌာနမှထောက်ပံ့ပေးအပ်သော ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်၊ စစ်ဗျူဟာ(အခြေချ)ဘောလခဲမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မျိုးထွဋ်၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးကော်မတီနှင့်အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ခဲ့ပြီး၊ အ.ထ.က(ဘောလခဲ)ကျောင်းအုပ်ဆရာကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်