လွိုင်ကော် မေ ၂၃
(၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို လွိုင်ကော်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊ ကွန်ပျူတာပန်းချီနှင့် ကွန်ပျူတာ ပိုစတာပြိုင်ပွဲကို ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)တွင်လည်းကောင်း ယမန်နေ့နံနက်ပိုင်းက အသီးသီး ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသားကျောင်းသူ (၂၀)ဦး၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ(၅)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ (၂)ဦး စုစုပေါင်း(၂၇)ဦး၊ ပိုစတာပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသားကျောင်းသူ (၁၁)ဦး၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၇)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁)ဦး စုစုပေါင်း(၁၉)ဦး၊ ကာတွန်းပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသားကျောင်းသူ (၈)ဦး၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁)ဦး စုစုပေါင်း(၁၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ထို့အတူ ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)တွင် ကွန်ပျူတာပန်းချီနှင့် ကွန်ပျူတာပိုစတာ ပြိုင်ပွဲကို ကျင်းပရာ အလယ်တန်းအဆင့် ကွန်ပျူတာပန်းချီ(၁)ဦးနှင့် အဆင့်မြင့်ပညာအဆင့် ကွန်ပျူတာပိုစတာ(၁)ဦး စုစုပေါင်း(၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြေင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)