လွတ်လပ်မျှတသော ရွေးကောက်ပွဲများ ပံ့ပိုးကူညီရေးအဖွဲ့ (MYNFREL) မှ လူငယ်များအတွက် ဒီမိုကရေစီ နိုင်ငံသားကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင် အသိပညာပေး သင်တန်းဖွင့်လှစ်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် မိုင်းထမ်းကျေးရွာတွင် ၂၀၂၀ ရွေးကောက်ပွဲ အတွက် လူငယ်များအနေဖြင့် ရွေးကောက်ပွဲ ဖြစ်စဉ်တွင် ပိုမိုစိတ်ဝင်စားပါဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ပံ့ပိုး ကူညီရေးအဖွဲ့ (MYNFREL) မှ ဒေသခံလူငယ်များအတွက် ဒီမိုကရေစီနိုင်ငံသားကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင်များအား အသိပညာပေးခြင်း သင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းထမ်းကျေးရွာ ရွှေညောင်ပင်ခန်းမဆောင်၌ ကျင်းပသည်။