ဖားဆောင်းမြို့နယ်တွင် သံလွင်မြစ်​ရေမြင့်တက်မှု​ကြောင့်​ ရေ​ဘေးသင့်ပြည်သူများအား​ ထောက်ပံ့ပစ္စည်းများ​​​ပေးအပ်

ဖား​ဆောင်း သြဂုတ် ၂၆

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် သံလွင်မြစ်​ရေမြင့်တက်လာမှု​ကြောင့် ရေး​ဘေးသင့် အိမ်​ထောင်စု (၁၆၄)စု တို့အား ကယားပြည်နယ် ကြက်​ခြေနီအသင်းခွဲနှင့် ပြည်နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီး ဌာနတို့မှ ​​ထောက်ပံ့ပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့ ည​နေ ပိုင်းက ဖားစည်သံလွင်ခန်းမ၌ ​ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါ ​ထောက်ပံ့ပစ္စည်းများ ​ပေးအပ်ရာသို့ ​ဘောလခဲခရိုင် သဘာဝ​​ဘေးအန္တရာယ်စီမံခန့်ခွဲမှု​ကော်မတီ ဥက္ကဋ္ဌ ဦးသိန်း​​အောင်နှင့်​ ကော်မတီဝင်များ၊ ဖား​ဆောင်းမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌ ဦး​အောင်မြတ်မိုးနှင့် ​ကော်မတီဝင်များ၊ ဘောလခဲ ခရိုင်​ ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦး​အောင်လွင်နှင့် ဝန်ထမ်း များ၊​ ရေ​ဘေးသင့်ရပ်ကွက်၊​ ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးများနှင့် ကယားပြည်နယ် ကြက်​​ခြေနီအသင်းခွဲ ကြီးကြပ်မှု​ကော်မတီဥက္ကဋ္ဌ ဦးထက်အာကာနှင့် တပ်ဖွဲ့ဝင်များ တက်​ရောက်ခဲ့ကြပြီး ထောက်ပံ့ပစ္စည်းများကို ရပ်ကွက်၊​ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ အသီးသီးပေးအပ် ခဲ့ကြသည်။

ဆက်လက်၍ ​ထောက်ပံ့ပစ္စည်းများကို ​ရေ​ဘေးသင့်အိမ်​ထောင်စုများ​ ယာယီ​နေထိုင်သည့် နေအိမ်များသို့ လည်း အိမ်တိုင်ရာ​ရောက် ပြည်နယ်ကြက်​ခြေနီအသင်းခွဲ ကြီးကြပ်မှု​ကော်မတီနှင့် တပ်ဖွဲ့ဝင်များက လက်​ရောက်​ပေးအပ်ခြင်းများကိုလည်း​ ဆောင်ရွက်ခဲ့ကြ သည်။ ယင်း​ထောက်ပံ့ပစ္စည်းများမှာ Hygiene Parcel contents list (တစ်ကိုယ်ရည်သုံးပစ္စည်း ၁၁ မျိုးပါ) စက္ကူဖာ (၁၀၁)ဖာ၊ Hygiene kit contents list (တစ်ကိုယ်ရည်သုံးပစ္စည်း ၁၈ မျိုးပါ) ပုံးအနီ(၁၂)ပုံး၊ Dignity Kit (အမျိုးသမီးအသုံးအ​ဆောင်ပစ္စည်းပါ) အိတ်ပြာ (၄၅)အိတ်၊ Hand Gel (500mlပါ) ၁၂ ဘူး၊ ကာ​ဘောလစ့်ဆပ်ပြာ(၅၀)​တောင့်နှင့် ပြည်နယ်​​​ ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနမှ Family kits (အိမ်အသုံးအ​ဆောင် ပစ္စည်း ၁၆ မျိုးပါ) ၅၁ အိတ်တို့ကို ​ပေးအပ်လှူဒါန်းခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)