လွိုင်ကော်မြို့၌ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

လွိုင်ကော် ဩဂုတ် ၂၅

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့် ရှိသူတိုင်း မဲပေးခွင့် ရရှိစေရေးအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိသေး သော မဲဆန္ဒရှင် ပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြား ရရှိစေရေးအတွက် သစ္စာစီမံချက်ဖြင့် လွိုင်ကော်မြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနနှင့် ကယားပြည်နယ် NORWEGIAN REFUGEE COUNCIL (NRC) အဖွဲ့တို့ ပူးပေါင်း ၍ ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ နမ့်ဘော်ဝမ်(က)ရပ်ကွက် မဟာမဂ္ဂင်ပရိပပတ္တိစာသင်တိုက်၌ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်နယ် လက်ထောက် ညွှန်ကြား ရေးမှူး ဦးအောင်နိုင်ဦး  ဦးဆောင်သော ဝန်ထမ်းများ ၊ ကယားပြည်နယ် NORWEGIAN REFUGEE COUNCIL (NRC) အဖွဲ့တို့က အသက် (၁၀) နှစ်ပြည့် (၃)ဦး ၊ အသက် (၁၈)နှစ်ပြည့် (၁၁)ဦး ၊ (၁၈)နှစ်ပြည့် လဲလှယ် (၇)ဦး ၊ ပျောက်ဆုံး/မိတ္တူ (၁၀)ဦး ၊ စုစုပေါင်း (၃၁)ဦး တို့အား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ ပြုလုပ်ပေးခဲ့ပြီး ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီး ဌာန ပြည်နယ် ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစန်းဝေ ၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ခရိုင် ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း တို့က သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)