ကယားပြည်နယ်

လွိုင်ကော်မြို့၌ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်သည့် အချက်များအား အသိပညာပေးရှင်းလင်းဆွေးနွေး

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်သည့် အချက်များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ်၊ နောင်ယား (က) ရပ်ကွက်ရှိ GOLD Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိစေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသော မဲဆန္ဒရှင် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိစေရေး အတွက် သစ္စာစီမံချက်ဖြင့် လွိုင်ကော်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနနှင့် ကယားပြည်နယ် NORWEGIAN REFUGEE COUNCIL (NRC) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက လွိုင်ကော် မြို့နယ်၊ မိုင်းလုံးရပ်ကွက် အ.မ.က မိုင်းလုံး(ခ) မူလတန်းကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ သည်။

ဒီးမော့ဆိုမြို့တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲကျင်းပ

တောင်သူများ လယ်ယာသုံးစက်ကိရိယာစနစ်တကျ ကိုင်တွယ်မောင်းနှင်တတ်စေရန်နှင့် ထိန်းသိမ်းကြံခိုင်မှု ဆောင်ရွက်နိုင် စေရန် ရည်ရွယ်ဖွင့်လှစ် သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၀) သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ဒီးမော့ဆို မြို့နယ် အမှတ်(၈၆) စက်မှု လယ်ယာစခန်း(ခွဲ)တွင် ကျင်းပပြုလုပ်သည်။

ဘောလခဲမြို့တွင် ခရိုင်အဆင့် ဘက်စုံထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ခရိုင်ပညာရေးမှူးရုံးမှ ကြီးမှူး၍ ခရိုင် အဆင့်၊ ဘက်စုံထူးချွန်ဆုရရှိ သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ဘောလခဲမြို့ အခြေခံပညာအထက်တန်း ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မယ်စဲ့မြို့နယ်တွင် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာစိုက်ခင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ယနေ့နံနက်က တောင်သူ ဦးစိုင်းရွှေ၊ ကွင်းအမှတ် (၁)၊ ဦးပိုင် (၂၁) ၊ စိုက်ဧက (၃)ဧက လယ်မြေတွင် အထွက်နှုန်း ကောင်းမွန်ပြီး စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး၊ ထွက်ရှိလာသော သီးနှံများအား ဘေးအန္တရာယ် ကင်းရှင်းရေး၊ တောင်သူများအတွက် အထွက်နှုန်း တိုးတက်စေရေးနှင့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ စနစ်တကျ သုံးစွဲတတ်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ လက်တွေ့သရုပ်ပြ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

စေတနာ့ဝန်ထမ်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း နှင့် အခြေခံပညာကျောင်းများ၊ လူမှုအသင်းအဖွဲ့များ ထံသို့ PPE ဝတ်စုံ ထောက်ပံ့ပေးအပ်

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အာင်ဆန်းစုကြည် မှ ပေးအပ် ချီးမြှင့်လာသည့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသော စေတနာ့ဝန်ထမ်းအဖွဲ့ များအား

မယ်စဲ့မြို့နယ်တွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် မြို့နယ်ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အငယ်တန်းစာရေး ဦးမျိုးမင်းသန့်နှင့် ဦးအာင်ဇော်ဦးတို့က ယနေ့နံနက်က

ဘောလခဲမြို့နယ်တွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ တောင်သူနည်းပညာပေး မိုးနှမ်းစံပြကွင်းပြပွဲ အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် မိုင်းထမ်းကျေးရွာနှင့် ရေနီပေါက်ကျေးရွာတွင် တောင်သူများ စိုက်ပျိုး ရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများ နည်းပညာပေး မိုးနှမ်းစံပြကွက်ကွင်းပြပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီ အချိန် မိုင်ထမ်းကျေးရွာ စိုက်ကွင်းနှင့် ရေနီ ပေါက်ကျေးရွာ စိုက်ကွင်းတွင် ကျင်းပသည်။

လွိုင်ကော်မြို့နယ်၊ လောပိတမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၌ ဆန္ဒမဲ ပေးခွင့် ရှိသူတိုင်း မဲပေးခွင့် ရရှိစေရေး အတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိသေးသော မဲဆန္ဒရှင် ပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြား ရရှိစေရေး အတွက် လွိုင်ကော်မြို့နယ်၊

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ဘောလခဲခရိုင်ရုံးသစ် အဆောက်အဦဖွင့်ပွဲ အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ဘောလခဲခရိုင်ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲအချိန်က အဆိုပါ ခရိုင်ရုံး၌ ကျင်းပသည်။
Subscribe to ကယားပြည်နယ်