ကယားပြည်နယ်

ဘောလခဲမြို့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသစ် လုပ်ငန်းခွင်ဝင် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လုပ်ငန်းခွင်ဝင် သင်တန်းဆင်းပွဲ အခမ်းအနား ကို ယနေ့ နံနက်(၉)နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

ဖရူဆိုမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း ရှိ/ မရှိ ရှောင်တခင်စစ်ဆေး

ကယားပြည်နယ် လွိုင်ကော်ခ်ရိုင်၊ ဖရူဆိုမြို့နယ်တွင် COVID - 19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ခြင်း ရှိ/ မရှိ ယနေ့နံနက် (၈)နာရီ အချိန်က ဖရူဆိုမြို့ဝင်/ ထွက်ဂိတ်၌ ရှောင်တခင် ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့သည်။

မြေငှားရမ်းဂရန် လျှောက်ထားနိုင်ရန်အတွက် မြေပိုင်ဆိုင်မှု အထောက်အထား(သို့မဟုတ်)မြေပေးမိန့် ရရှိရေး လိုအပ်သည့် ထောက်ခံချက်များ ဆောင်ရွက်ပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် မြေဌားရမ်းဂရန် လျောက်ထားနိုင်ရန်အတွက် မြေပိုင်ဆိုင်မှု အထောက်အထား (သို့မဟုတ်) မြေပေးမိန့် ရရှိရေး လိုအပ်သည့် ထောက်ခံချက်များကို ယနေ့နံနက်(၁၀)နာရီက ပြည်သူ့ဝန်ဆောင်မှုရုံး(oss)၌ ဆောင်ရွက်ခဲ့သည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနများက ယနေ့ နံနက် (၈) နာရီအချိန်က လူသွားလူလာများ သော ဗိုလ်ချုပ်လမ်းနှင့် မင်းခေါင်လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

ရှားတောမြို့တွင်းသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကယားပြည်နည်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြိုတွင်းသန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က မြို့နယ်ခန်းမဆောင်နှင့် မြို့နယ်တိုင်းရင်းဆေးရုံ တို့တွင် ဆောင်ရွက်ခဲ့သည်။

ဖရူဆိုမြို့၌ Covid-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများလိုက်နာနေထိုင်ရေး လှည့်လည်နှိုးဆော်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ၊ ဖရူဆိုမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများအား Covid-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများလိုက်နာ နေထိုင်ရေးအတွက် ယနေ့ညနေ ၇ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ရှားတောမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချရန် အသိပညာပေး

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် မြို့နယ်အတွင်း (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်လျက်ရှိရာ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များတွင် (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ဖွင့်လှစ် ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့ပေါ် ရပ်ကွက်ရှိ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များတွင် ဆောင်ရွက်ခဲ့သည်။

ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (Covid-19 Economic Relief Plan-CERP)အရ မိုးစပါးမျိုးစေ့ ထုတ် ဧက(၂၀)အတွက် ပထမအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကို ယနေ့ နံနက် ၉ နာရီ အချိန်က ထီးပေါ်ဆိုကျေးရွာအုပ်စု ထီးသော်ကူးကျေးရွာခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

ရှားတောမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် Coronavirus Disease 2019 (COVID–19) ရောဂါ ကူးစက်ပြန့်ပွားမှု ထပ်မံမဖြစ်ပေါ်စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက်

ဘောလခဲခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လှုပ်လှုပ်ရှားရှားအားကစား အစီအစဉ်ဖြင့် အားကစား ပစ္စည်းများ ပံ့ပိုးပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်သူလူထု၏ အားကစားလှုပ်ရှားမှု စဉ်ဆက်မပြတ်စေရေး ရည်ရွယ်၍ လှုပ်လှုပ်ရှားရှားအားကစား အစီအစဉ်ဖြင့်
Subscribe to ကယားပြည်နယ်