ဘောလခဲမြို့ပေါ် ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များအား COVID-19 ရောဂါ ထိန်းချုပ်ရေး လိုက်နာဆောင်ရွက်မှုရှိ/မရှိ စစ်ဆေး

ဘောလခဲ ဩဂုတ် ၂၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့ပေါ်ရပ်ကွက် အတွင်း ရှိ ရောင်းချနေသော စားသောက်ဆိုင်များအား စည်ပင် သာယာရေးမှ ထုတ်ပြန်ထားသော စည်းကမ်းများ လိုက်နာ ဆောင်ရွက်မှုရှိမရှိ လိုက်လံစစ်ဆေး ခြင်း ကို ယနေ့နံနက်(၁၁)နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ လိုက်လံစစ်ဆေးရာတွင် စည်ပင်အမှုဆောင်အရာရှိ ဦးသန်းထိုက်ဦး၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒုတိယမြို့နယ် ဆရာဝန်၊မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး ရောင်းချနေသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး (ဒုတိယလိုင်း)အတွက် စားသုံးသူ၊ရောင်းချသူများအနေဖြင့် သတ်မှတ်စည်းကမ်းများဖြစ်သည့် စနစ်တကျ လက်ဆေးစေခြင်း၊ ပါးစပ်နှာခေါင်းစည်း တပ်စေခြင်း၊ အပူတိုင်းတာခြင်း၊ တစ်ဦးနှင့်တစ်ဦးကြား သုံးပေခြား စားသောက်စေခြင်း၊ ပလပ်စတစ်၊ ကတ်ထူပြား၊ မှန်၊သစ်သားပြားဖြင့် ကန့်ထားပေးခြင်းများကို လိုက်နာ ဆောင်ရွက် ကြရန်အတွက် အသိပေးခဲ့ မှာကြားခဲ့ကြောင်း သိရသည်။

ဖိုးရယ်