မယ်စဲ့ ဩဂုတ် ၂၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရေး အတွက် လမ်းသွား လမ်းလာ ပြည်သူများအား Mask တပ်ဆင်ခြင်း ရှိ/မရှိကို ယနေ့ နံနက် ၉ နာရီက မယ်စဲ့မြို့နယ် မြောက်ပိုင်းရပ်ကွက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် တောင်ပိုင်းရပ်ကွက် မြို့မဘုန်းကြီးကျောင်းရှေ့၌ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူ များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက လမ်းသွား လမ်းလာပြည်သူ များအား Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးပြီး Mask တပ်ဆင်ခြင်းမရှိသူများကို Mask နှစ်ခုလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ချက်ချင်းဝယ်ယူတပ်ဆင်စေပြီး ပြည်သူ များအား နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်းများ တပ်ဆင်၍ သွားလာ ကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခြင်းကိုပါ တစ်ပါတည်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)