ရွာသစ်မြို့တွင် သံလွင်ရေမြင့်တက်ခဲ့၍ တောင်သူများ၏ နှမ်းခင်းရေလွှမ်းမိုးမှုဖြစ်ခဲ့ခြင်းကြောင့် ကယားပြည်နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ မှ ထောက်ပံ့ပစ္စည်းများ လာရောက်ပေးအပ်

ရွာသစ် ဩဂုတ် ၂၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် သံလွင်မြစ်အနီးရှိ တောင်ယာ လုပ်ကိုင်သူများ ၏ နှမ်းခင်းများ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သည်။

ယင်းအခြေအနေနှင့် စပ်လျဉ်း၍ ကယားပြည်နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်း၊ ဦးကျော်သန်းလွင်နှင့်အဖွဲ့ (၆၀)ဦး တို့သည် ယနေ့ နေ့လယ် ၂ နာရီအချိန်က ရွာသစ်မြို့သို့ ရောက်ရှိ လာပြီး စတုမာလာဓမ္မာရုံတွင် နှမ်းစိုက်တောင်သူ အား အားပေး စကား ပြောကြားကာ ‌နှမ်းခင်းရေလွှမ်း မိုးမှုခံရသော တောင်သူများအတွက် ဆန်(၁၂၂)အိတ်၊ အိုင်အိုဒင်းဆား (၉)အိတ်၊ ကြက်သွန်နီ(၁၀)အိတ်၊ ဆပ်ပြာမုန့်(၄)အိတ်၊ ဆပ်ပြာခဲ(၁)အိတ်၊ ကြာဇံ(၂)အိတ်၊ မာမီး(၇၀)ဖာ၊ ရေသန့်(၂၅) ကတ်၊ ကြက်ဥ (၁၁၂၀)လုံး အစရှိသည်များကို တာဝန်ရှိသူအသီးသီးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

နန်းဆွေဆွေအေး