ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask များ တပ်ဆင်ရန် အသိပညာပေးခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်

ရှားတော သြဂုတ် ၂၆

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် Coronavirus Disease 2019 (COVID–19) ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေး အတွက် အသိပညာပေးခြင်းနှင့် အိမ်အပြင်ထွက်ပါက Mask တပ်ဆင်စေခြင်း လုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019 (COVID–19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယမန်နေ့ မွန်းလွဲ (၃) နာရီ အချိန်က လူသွား လူလာများသော ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံ (မင်္ဂလာဓမ္မာရုံရှေ့)တွင် ဆောင်ရွက်ခဲ့ သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် Coronavirus Disease 2019 (COVID–19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်ဌာနများ ဖြစ်ကြသော လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီး မှူး ဒေါ်ရီရီချိုနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့ ပါဝင်ဆောင်ရွက်ကြပြီး ကိုဗစ်-၁၉ မဖြစ်ပေါ်စေရေးအတွက် ပြည်သူများအား အသိပညာပေးခြင်းနှင့် လမ်းသွား လမ်းလာ ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်စေ ခြင်းများကို စည်းရုံးဆောင်ရွက်ကာ Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask များ ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းအောင်(ရှားတော)