ကယားပြည်နယ်

ဘောလခဲမြို့တွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းစဉ်နှင့် ဥပဒေ၊ နည်းဥပဒေများအား ကော်မတီဝင်နှင့် ပါတီဝင်များအား ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းစဉ်နှင့်ဥပဒေ၊ နည်းဥပဒေများအား ခရိုင်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီအဖွဲ့ဝင် (၁၉)အဖွဲ့အား ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဘောလခဲမြို့ပေါ် ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များအား COVID-19 ရောဂါ ထိန်းချုပ်ရေး လိုက်နာဆောင်ရွက်မှုရှိ/မရှိ စစ်ဆေး

ကယားပြည်နယ်၊ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် COVID-19ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ရောင်းချနေသော စားသောက်ဆိုင်များအား စည်ပင် သာယာရေးမှ

လွိုင်ကော်မြို့၌ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့် ရှိသူတိုင်း မဲပေးခွင့် ရရှိစေရေးအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိသေးသော မဲဆန္ဒရှင် ပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြား ရရှိစေရေးအတွက် သစ္စာစီမံချက်ဖြင့် လွိုင်ကော်မြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနနှင့် ကယားပြည်နယ် NORWEGIAN REFUGEE COUNCIL (NRC) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ နမ့်ဘော်ဝမ်(က)ရပ်ကွက် မဟာမဂ္ဂင်ပရိပပတ္တိစာသင်တိုက်၌ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ဘောလခဲမြို့နယ်တွင် စာရေးဆရာအောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေ‌ထွေ စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့ဗဟိုပြု ဌာနခန်းမ၌ ယနေ့နံနက်(၁၀)နာရီက စာရေးဆရာအောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာ အထွေ‌ထွေ စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ဖားဆောင်း၌ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းမှ ပညာရေးနှင့်သက်ဆိုင်သော လုပ်ငန်းများကို သက်ဆိုင်ရာ ပညာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ လူထုဗဟိုပြုစီမံကိန်း (ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့) မှ ကျင်းပပြုလုပ်သော စတုတ္ထနှစ်စက်ဝန်း၏ ပညာရေးနှင့်သက်ဆိုင်သော လုပ်ငန်းများကို သက်ဆိုင်ရာ မြို့နယ်ပညာရေး ဦးစီးဌာနများသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ဖားဆောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မယ်စဲ့မြို့နယ်တွင် လွတ်လပ်မျှတသောရွေးကောက်ပွဲများ ပံ့ပိုးကူညီရေးအဖွဲ့(MYNFREL) မှ လူငယ်များအတွက် ဒီမိုကရေစီနိုင်ငံသားကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်း သင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူငယ်များအနေဖြင့် ရွေးကောက်ပွဲ ဖြစ်စဉ်တွင် ပိုမိုပါဝင်လာစေရန် ရည်ရွယ်ပြီး လွတ်လပ်မျှတသော ရွေးကောက်ပွဲများ ပံ့ပိုးကူညီရေးအဖွဲ့ (MYNFREL)မှ လူငယ်များအတွက် ဒီမိုကရေစီနိုင်ငံသားကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်း သင်တန်းကို ယနေ့ နံနက် ၉ နာရီက ဝမ်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

ရွာသစ်မြို့၊ ဝမ်ဗလကျေးရွာရှိ တောင်သူများ စိုက်ပျိုးထားသည့် စပါး၊ နှမ်းစိုက်ခင်းများ ရေလွှမ်းခံရမှုအခြေအနေအား မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် သံလွင်ရေမြှင့်တက်လာမှုကြောင့် ရွာသစ်မြို့နှင့် (၁၂)မိုင် ဝန်းကျင်ခန့် ဝေးသည့် သံလွင်မြစ်ကမ်းအနီးရှိ ဝမ်ဗလကျေးရွာအား တောင်သူများ၏ စိုက်ပျိုး ရေးလုပ်ငန်းများ ရေလွှမ်းမိုးမှုအခြေအ နေများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ညနေပိုင်းအထိ အဆိုပါ ကျေးရွာ၌ ‌မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရ သည်။
Subscribe to ကယားပြည်နယ်