ဘောလခဲ စက်တင်ဘာ ၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ကျေးရွာဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြည်ထောင်စု လွှတ်တော် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)မှ နောက်ဆုံးအရစ် ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်း(၃)နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်က အမှာစကားပြောကြားရာတွင် ယခုနောက်ဆုံးထုတ်ပေးမည့် ပြည်ထောင်စု လွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ ကို ထုတ်ပေးသွားမှာ ဖြစ်ကြောင်း၊ ပြည်ထောင်စု ဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများကို လက်ခံနိုင်သော အဆင့် ရှိသလို လိုအပ်နေသေးသည့် အပိုင်းလည်း တွေ့ရှိရပါကြောင်း၊ စာရင်းစစ် လက်ခံနိုင်သည့် အနေ အထား ဖြစ်အောင် ဆောင်ရွက်ထားစေလိုကြောင်း၊ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေး ရန်ပုံငွေဖြစ်သည့်အတွက် လွှတ်တော် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ဝင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်း က လုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိ သူများက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစားရေးများထံ ၂၀၁၉-၂၀၂၀ ခုနှစ် ပြည်ထောင်စုလွှတ်တော် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)မှ နောက်ဆုံး အရစ် ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသန့် က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဖိုးရယ်