ဖားဆောင်း စက်တင်ဘာ ၁
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ လွှတ်တော် မဲဆန္ဒနယ် အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို သြဂုတ်လ (၃၀)ရက်နေ့က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ထပ်ဆင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ လွတ်တော်မဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ထုတ်ပြန် ကြေညာရာတွင် ဖားဆောင်း မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ကိုယ်စား လှယ်လောင်းများ၊ ကယား ပြည်နယ်အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)၊အမှတ်(၂) ကိုယ်စားလှယ်လောင်းများ၊ ဖားဆောင်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)၊ အမှတ်(၂) ကိုယ်စားလှယ်လောင်းများ၊ ကယားပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ဗမာတိုင်းရင်း သား လူမျိုး ကိုယ်စားလှယ် လောင်းများ၏အမည်စာရင်းများကို ထပ်ဆင့်ထုတ်ပြန် ကြေညာခြင်း ဖြစ်ကြောင်း သိရသည်။
ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့ပေါ်ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံး များ၌လည်း ထပ်ဆင့်ထုတ်ပြန် ကြေညာလျက် ရှိကြောင်းသိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)