ကယားပြည်နယ်

မယ်စဲ့မြို့နယ်တွင် နေအိမ်အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်က ပြည်သူများ နေအိမ် အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်မှု ရှိ/မရှိ စစ်ဆေး ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို မြောက်ပိုင်း ရပ်ကွက် မြို့မရဲစခန်းရှေ့နှင့် တောင်ပိုင်းရပ်ကွက် အထက(မယ်စဲ့) ကျောင်းရှေ့တို့၌ ဆောင်ရွက်ခဲ့သည်။

ရွာသစ်မြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်လွှတ်တော်ကိုယ်စား လှယ်လောင်းအမည်စာရင်းများထုတ်ပြန်ကြေညာ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်း အမည်စာရင်းများကို ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။

ရွာသစ်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားလာသော(၂)နှစ်အောက် ကလေးငယ်များ အား ထောက်ပံ့ငွေများ ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှ မွေးဖွားလာသော (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတုမာလာဓမ္မာရုံတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။

ဘောလခဲမြို့လယ် မီးပွိုင့်လမ်းဆုံတွင် လမ်းသွားလမ်းလာပြည်သူများ Mask တပ်ဆင်ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းများကို အရှိန်မပျက်ဆက်လက်ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှု မဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ(၅) နာရီမှ(၇)နာရီအချိန်ထိ မြို့လယ်လမ်းဆုံမီးပွိုင့်၌ ခရီးသွားပြည်သူနှင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာ နေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ဘောလခဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် အ‌ထွေထွေ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း ထုတ်ပြန်ကြေညာ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် အ‌ထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း ထုတ်ပြန် ကြေညာခြင်းကို ဩဂုတ်(၃၀)ရက်က မြို့နယ်အထွေထွေရွေးကောက်ပွဲအဖွဲ့ခွဲဥက္ကဋ္ဌ လက်မှတ်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ဖရူဆိုမြို့နယ်အတွင်းရှိ လူမှုရေးပင်စင်ခံစားရရှိသော သက်ကြီးဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၂)နှစ် အောက် ကလေးငယ်များအား အိမ်အရောက်ထောက်ပံ့ငွေ သွားရောက်ပေးအပ်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်အတွင်းရှိ လူမှုရေးပင်စင်ခံစားရရှိသော အသက် (၈၅) နှစ်အထက် ဘိုးဘွားများ အား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ် အောက် ကလေးသူငယ်များအား လူမှုဝန်ထမ်း ဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖရူဆိုမြို့နယ်တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ မှ စာဖတ်ဝိုင်း ပြုလုပ်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း ၍ “ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း နှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို

မယ်စဲ့မြို့နယ် ဟိုဖကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အသိပညာပေးခြင်းနှင့် နည်းပညာအထောက်အပံ့ သင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ဟိုဖကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း အသိပညာပေးခြင်းနှင့် နည်းပညာအထောက်အပံ့ သင်တန်းကို စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန တို့ပူးပေါင်းကာ ယနေ့ နံနက် ၁၀ နာရီ က ဟိုဖကျေးရွာ ခန်းမဆောင်၌ သင်တန်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ဆက်လက်ကျင်းပ

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ကယား ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၂)ဦး၊ တပ်မတော်သား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်(၅)ဦး၊ ဗမာတိုင်းရင်းသားလွှတ်တော်ကိုယ်စား လှယ်(၁) ဦး၊ စုစုပေါင်း (၁၈)ဦး တက်ရောက်ခဲ့ကြသည်။

ဒီးမော့ဆိုမြို့နယ်တွင် Maskတပ်ဆင်ခြင်းမရှိသောပြည်သူများအားစစ်ဆေးဆောင်ရွက်လျက်ရှိ

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေး ကာကွယ်ထိန်းချုပ် ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် စစ်ဆေးဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ငွေတောင်ကျေးရွာ စိုက်ပျိုးရေးသိပ္ပံ(ဒီးမော့ဆို)ကျောင်းရှေ့၌ ဌာနဆိုင်ရာများပူးပေါင်းပါဝင်သောအဖွဲ့များကနေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာ နေသော ပြည်သူ များအားမဖြစ်မနေ Mask တပ်ဆင်အသုံးပြုခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်