ဖရူဆိုမြို့၌ Covid-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများလိုက်နာနေထိုင်ရေး လှည့်လည်နှိုးဆော်
ကယားပြည်နယ် လွိုင်ကော်ခရိုင် ၊ ဖရူဆိုမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများအား Covid-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများလိုက်နာ နေထိုင်ရေးအတွက် ယနေ့ညနေ ၇ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။