ကယားပြည်နယ်

ဒီးမော့ဆိုမြို့နယ်ရှိ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေး သူငယ်များအား ထောက်ပံ့ငွေပေးအပ်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ် အတွက် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် တတိယသုံးလပတ်နှင့် စတုတ္ထ သုံးလပတ်အတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ဌာနဆိုင်ရာများ တက်ရောက် ကြကြောင်း သိရသည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ထိန်းချုပ် ကုသနိုင်ရေးအတွက် မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ်တွင် တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေး ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်း ဆောင်ရွက်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် တိရစ္ဆာန်များ ကူးစက် ရောဂါ မဖြစ်ပွားစေရေး ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ဝါဘန်းပလို့ကျေးရွာအုပ်စု ပဆေးလာကျေးရွာ၌ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နော်ရီစေးဘာနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှု​ရေးပင်စင်​ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်​ဆောင်မိခင်များနှင့် ၄င်းတို့မှ​မွေးဖွားလာ​သော အသက်(၂)နှစ်​အောက် က​လေးငယ်များအား ​ထောက်ပံ့​ငွေ​ပေးအပ်

ကယားပြည်နယ်၊ဖား​ဆောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှု​ရေးပင်စင်​ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်​ဆောင် မိခင်များနှင့် ၄င်းတို့မှ​ မွေးဖွားလာသည့် အသက်(၂)နှစ်​အောက် က​လေးငယ်များအား​ ထောက်​ငွေပေးအပ်ခြင်းကို ယ​နေ့နံနက်(၈)နာရီအချိန်က ဖားစည် သံလွင်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဖား​ဆောင်းမြို့နယ်တွင် လွတ်လပ်မျှတ​သော ​ရွေး​ကောက်ပွဲများ ပံ့ပိုးကူညီ​ရေးအဖွဲ့ (MYNFREL) မှ လူငယ်များအတွက် ဒီမိုက​ရေစီနိုင်ငံသား​ကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင်အသိပညာ​ပေးသင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၀​ ရွေး​ကောက်ပွဲအတွက် လူငယ်များအ​နေဖြင့် ရွေး​ကောက်ပွဲဖြစ်စဉ်တွင် ပိုမိုစိတ်ပါဝင်စား ပါဝင်လာ​စေရန် ရည်ရွယ်ချက်ဖြင့် လွတ်လပ်၍ တရားမျှတ​သော ​ရွေး​ကောက်ပွဲများ ပံ့ပိုးကူညီ​ရေးအဖွဲ့(MYNFREL)မှ ​ဒေသခံလူငယ်များ အတွက် ဒီမိုက​ရေစီ နိုင်ငံသား ဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင်များအား အသိပညာ​ပေးသင်တန်းကို ယ​နေ့ နံနက်(၉)နာရီခွဲအချိန်က ဖား​ဆောင်းမြို့၊​ တောင်ပိုင်းရပ်ကွက်ရှိ ဓမ္မသိဒ္ဓိသိမ်​ကျောင်း၌ ကျင်းပသည်။

မယ်စဲ့မြို့နယ်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးနည်းစနစ် ကွင်းလက်တွေ့သရုပ်ပြ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ နမ့်မန်းကျေးရွာ တောင်သူဦးညွှန့်မောင် ကွင်းအမှတ် (၄)၊ ဦးပိုင်အမှတ်(၉)၊ စိုက်ဧက (၂.၅၀) ဧကတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးနည်းစနစ် ကွင်းလက်တွေ့သရုပ်ပြ စိုက်ပျိုးခြင်းကို ယနေ့ နံနက်(၈) နာရီက ပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် လူမှုရေးပင်စင် ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးသူငယ်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော ၂ နှစ်အောက် ကလေးသူငယ်များအား တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်းလုပ်ငန်းများနှင့် ရုံးအဆောက်အဦတည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကယားပြည်နည်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economonic Relief Plan(CERP)အရ Covid-19 ရောဂါ ကာလအတွင်း နိုင်ငံတော်မှ ချမှတ်ထားသောပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများကို ကုစား ပေးနိုင်ရန် အတွက် Cash for work စီမံကိန်းလုပ်ငန်းများ အကော်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အလယ်ပိုင်း ကျေးရွာ အုပ်စု၊ မြောက်ရွာကျေးရွာသို့ ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးစောဒီးဒီးနှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

ရှားတောမြို့၌ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချရေး ညွှန်ကြားထားမှုအပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် မြို့နယ်အတွင်း (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များ တွင် (COVID-19)ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချရန် ညွှန်ကြားထားမှုအပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင် နှင့် ကုန်စုံဆိုင်များတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ကယားပြည်နယ်