ကယားပြည်နယ်

ဖား​ဆောင်းမြို့နယ်တွင် လွတ်လပ်မျှတ​သော ​ရွေး​ကောက်ပွဲများ ပံ့ပိုးကူညီ​ရေးအဖွဲ့ (MYNFREL) မှ လူငယ်များအတွက် ဒီမိုက​ရေစီနိုင်ငံသား​ကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင်အသိပညာ​ပေးသင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၀​ ရွေး​ကောက်ပွဲအတွက် လူငယ်များအ​နေဖြင့် ရွေး​ကောက်ပွဲဖြစ်စဉ်တွင် ပိုမိုစိတ်ပါဝင်စား ပါဝင်လာ​စေရန် ရည်ရွယ်ချက်ဖြင့် လွတ်လပ်၍ တရားမျှတ​သော ​ရွေး​ကောက်ပွဲများ ပံ့ပိုးကူညီ​ရေးအဖွဲ့(MYNFREL)မှ ​ဒေသခံလူငယ်များ အတွက် ဒီမိုက​ရေစီ နိုင်ငံသား ဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင်များအား အသိပညာ​ပေးသင်တန်းကို ယ​နေ့ နံနက်(၉)နာရီခွဲအချိန်က ဖား​ဆောင်းမြို့၊​ တောင်ပိုင်းရပ်ကွက်ရှိ ဓမ္မသိဒ္ဓိသိမ်​ကျောင်း၌ ကျင်းပသည်။

မယ်စဲ့မြို့နယ်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးနည်းစနစ် ကွင်းလက်တွေ့သရုပ်ပြ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ နမ့်မန်းကျေးရွာ တောင်သူဦးညွှန့်မောင် ကွင်းအမှတ် (၄)၊ ဦးပိုင်အမှတ်(၉)၊ စိုက်ဧက (၂.၅၀) ဧကတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးနည်းစနစ် ကွင်းလက်တွေ့သရုပ်ပြ စိုက်ပျိုးခြင်းကို ယနေ့ နံနက်(၈) နာရီက ပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် လူမှုရေးပင်စင် ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးသူငယ်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော ၂ နှစ်အောက် ကလေးသူငယ်များအား တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်းလုပ်ငန်းများနှင့် ရုံးအဆောက်အဦတည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကယားပြည်နည်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economonic Relief Plan(CERP)အရ Covid-19 ရောဂါ ကာလအတွင်း နိုင်ငံတော်မှ ချမှတ်ထားသောပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများကို ကုစား ပေးနိုင်ရန် အတွက် Cash for work စီမံကိန်းလုပ်ငန်းများ အကော်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အလယ်ပိုင်း ကျေးရွာ အုပ်စု၊ မြောက်ရွာကျေးရွာသို့ ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးစောဒီးဒီးနှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

ရှားတောမြို့၌ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချရေး ညွှန်ကြားထားမှုအပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် မြို့နယ်အတွင်း (COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များ တွင် (COVID-19)ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချရန် ညွှန်ကြားထားမှုအပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင် နှင့် ကုန်စုံဆိုင်များတွင် ဆောင်ရွက်ခဲ့သည်။

ဘောလခဲမြို့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသစ် လုပ်ငန်းခွင်ဝင် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လုပ်ငန်းခွင်ဝင် သင်တန်းဆင်းပွဲ အခမ်းအနား ကို ယနေ့ နံနက်(၉)နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

ဖရူဆိုမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း ရှိ/ မရှိ ရှောင်တခင်စစ်ဆေး

ကယားပြည်နယ် လွိုင်ကော်ခ်ရိုင်၊ ဖရူဆိုမြို့နယ်တွင် COVID - 19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ခြင်း ရှိ/ မရှိ ယနေ့နံနက် (၈)နာရီ အချိန်က ဖရူဆိုမြို့ဝင်/ ထွက်ဂိတ်၌ ရှောင်တခင် ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့သည်။

မြေငှားရမ်းဂရန် လျှောက်ထားနိုင်ရန်အတွက် မြေပိုင်ဆိုင်မှု အထောက်အထား(သို့မဟုတ်)မြေပေးမိန့် ရရှိရေး လိုအပ်သည့် ထောက်ခံချက်များ ဆောင်ရွက်ပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် မြေဌားရမ်းဂရန် လျောက်ထားနိုင်ရန်အတွက် မြေပိုင်ဆိုင်မှု အထောက်အထား (သို့မဟုတ်) မြေပေးမိန့် ရရှိရေး လိုအပ်သည့် ထောက်ခံချက်များကို ယနေ့နံနက်(၁၀)နာရီက ပြည်သူ့ဝန်ဆောင်မှုရုံး(oss)၌ ဆောင်ရွက်ခဲ့သည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနများက ယနေ့ နံနက် (၈) နာရီအချိန်က လူသွားလူလာများ သော ဗိုလ်ချုပ်လမ်းနှင့် မင်းခေါင်လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

ရှားတောမြို့တွင်းသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကယားပြည်နည်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြိုတွင်းသန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က မြို့နယ်ခန်းမဆောင်နှင့် မြို့နယ်တိုင်းရင်းဆေးရုံ တို့တွင် ဆောင်ရွက်ခဲ့သည်။
Subscribe to ကယားပြည်နယ်