ကယားပြည်နယ်

လွိုင်ကော်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိစေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသေးသော မဲဆန္ဒရှင်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိစေရေး အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ သစ္စာစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ လွိုင်ကော်မြို့နယ် ဦးစီးမှူးရုံး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာ အုပ်စု၊ (၃)မိုင်ပကျဲစံပြကျေးရွာ ခန်းမဆောင်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှားတောမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်းများဆက်လက်ဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် (COVID-19)ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း လုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်ဌာနများက ယနေ့နံနက်(၈)နာရီအချိန်၌ လူသွားလူလာများသော ဗိုလ်ချုပ်လမ်းနှင့် ဦးအောင်ဇေယျ လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

ရှားတောမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

ကယားပြည်နည်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြိုတွင်းသန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင် ကာကွယ် နိုင်ရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက်(၇)နာရီအချိန်က နှစ်ကျိပ်ရှစ်ဆူဘုရားစေတီရင်ပြင်တွင် ဆောင်ရွက်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ် နောင်ပုလဲကျေးရွာရှိ ငါးမွေးတောင်သူ ၄၂ ဦးအား ငါးသားပေါက်များပေးအပ်

နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် CERP အရ ကယားပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ပြည်နယ်အတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရာတွင် အထောက်အပံ့ဖြစ်စေ ရန်အတွက် ငါးသားပေါက်များ ဖြန့်ဖြူးထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့နယ် နောင်ပုလဲကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်၌ CERP အစီအစဉ်အရ ကြားပေါင်းလိုက်စက် (Power Weeder) ကိရိယာဖြင့် လက်တွေ့မောင်းနှင်ပြသ

ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် စက်မှုလယ်ယာဦးစီးဌာနမှ CERP အစီအစဉ်အရ ဒေသခံတောင်သူ များအား စပါးစိုက်ပျိုးရာတွင် စက်စွမ်းအားအသုံးပြုကာ စပါးအထွက်နှုန်းများ တိုးတက်လာစေရန်နှင့် လယ်ယာလုပ်ငန်းခွင်များတွင် လယ်ယာလုပ်သားများ ရှားပါးလာမှု အခက်အခဲများကို ပြေလည်စေရန် အတွက် ယမန်နေ့ နံနက်ပိုင်းက ဒီးမော့ဆိုမြို့နယ် ထီးပိုးကလိုးကျေးရွာ လယ်ယာမြေကွင်းတွင် ကြားပေါင်း လိုက်စက် (Power Weeder) ကို လက်တွေ့မောင်းနှင် ပြသပေးခဲ့သည်။

ဖား​ဆောင်းမြို့တွင် စိုက်ပျိုး​ရေး၊​မွေးမြူ​ရေးဆိုင်ရာ နည်းပညာ​ပေးသင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနမှ ကြီးမှူး၍ ​​ကျေးရွာ မတည်ရန်ပုံ​ငွေ( VRFP)စီမံကိန်း​ကျေးရွာများသို့ စိုက်ပျိုး​ရေး၊​ မွေးမြူ​ရေးဆိုင်ရာ နည်းပညာ​ပေးသင်တန်းဖွင့်လှစ်ခြင်းကို ယ​နေ့နံနက်(၁၀)နာရီအချိန်က အဆိုပါ ရုံးအစည်းအ​ဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများ အိမ်အပြင်ထွက်ခွာရာတွင် Mask တပ်ဆင်သည့် အလေ့အထရရှိစေရေးပြီး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် COVID-19 ရောဂါ ကြိုတင်ကာကွယ် နိုင်ရန် ရည်ရွယ်၍ လမ်းသွား ၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်း

ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေး ကတ်ပြား စိစစ်ဆောင်ရွက်ပေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ အသက်(၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား စိစစ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် ဒီးမော့ဆိုမြို့ နယ် စံပြ(၆)မိုင်ကျေးရွာခန်းမဆောင်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုပွဲကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာမအား ဂုဏ်ပြုပွဲကို ယနေ့ နံနက် ၉ နာရီက မယ်စဲ့မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Subscribe to ကယားပြည်နယ်