ဘောလခဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် အ‌ထွေထွေ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း ထုတ်ပြန်ကြေညာ

ဘောလခဲ စက်တင်ဘာ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် အ‌ထွေထွေ ရွေးကောက်ပွဲ အတွက် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း ထုတ်ပြန်ကြေညာခြင်းကို ဩဂုတ်(၃၀)ရက်က မြို့နယ်အထွေထွေ ရွေးကောက်ပွဲ အဖွဲ့ခွဲဥက္ကဋ္ဌ လက်မှတ်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ ပြည်သူလွှတ်တော်ကိုယ်စားလှယ်(၈)ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်(၈)ဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၈)ဦးနှင့် ဗမာတိုင်းရင်းသားရေးရာနေရာ(၈)ဦးကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖိုးရယ်