ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေး စစ်ဆေးဆောင်ရွက်နေသည့် ပူးပေါင်း စစ်ဆေးရေးဂိတ်အတွက် လက်ဆေးဘေစင်နှင့် ဆက်စပ်ပစ္စည်းများထောက်ပံ့

ရွာသစ် စက်တင်ဘာ ၁၈


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို နေ့/ည စစ်ဆေးဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ လက်ဆေးဘေစင်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ပူးပေါင်းစစ် ဆေးရေးဂိတ်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လှူဒါန်းသည့် လက်ဆေးဘေစင်နှင့် ဆက်စပ်ပစ္စည်းများကို မြို့အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးလူဇော်သန့်က နေ့တွက်စရိတ်နှင့် ထောက်ပံ့ပစ္စည်း များ ပေးအပ်ခဲ့ရာ တာဝန်ကျဝန်ထမ်းများက လက်ခံရယူခဲ့ကြောင်း သိရသည်။
နန်းဆွေဆွေအေး(ပြန်/ဆက်)