ကယားပြည်နယ်

မယ်စဲ့မြို့နယ်တွင် လမ်းသွားလမ်းလာ ပြည်သူများအား Mask တပ်ဆင်ခြင်း ရှိ/မရှိ အရှိန်အဟုန်မပြတ် စစ်ဆေး ဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိရာ လမ်းသွားလမ်းလာ ပြည်သူများအား Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မြောက်ပိုင်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ရှေ့၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကြေညာ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိစေရန် မဲဆန္ဒရှင်စာရင်းများကို

ဘောလခဲမြို့နယ်တွင် နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ဘောလခဲ မြို့နယ်တွင် နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာခဲ့ရာ အောက်တိုဘာ ၁ ရက်နေ့မှစ၍ ၁၄ ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက် တိတိ ကပ်ထား ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း မရှိသော လမ်းသွား ၊ လမ်းလာပြည်သူများအား စစ်ဆေးဆောင်ရွက်

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် လမ်းသွားလမ်းလာ ၊ လူထူထပ်သည့် နေရာများတွင် Mask တပ်ဆင်သည့် အလေ့အထရှိပြီး ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍  လမ်းသွား ၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ ်မိုင်းလုံးမီးပွိုင့်၌ ဆောင်ရွက် ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထူးရဲများ သင်တန်းဖွင့်လှစ်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ဖရူဆိုမြို့နယ်အတွင်းရှိ မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်းရန် အထူးရဲ (၃၇) ဦးအား ယနေ့နံနက်ပိုင်းက ဖရူဆိုမြို့နယ် အထကကျောင်း အစည်းအဝေးခန်းမ၌ သင်တန်းဖွင့်လှစ်ပေးလျက်ရှိကြောင်းသိရသည် ။

ဖား​ဆောင်းမြို့၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထား​​​ကြေညာ

ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်​နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ ​အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထား​ကြေညာခြင်းကို ယ​နေ့နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/​​​ကျေးရွာ ​ရွေး​ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထား​ကြေညာ ​ပေးထား​ကြောင်း သိရသည်။

ကယားပြည်နယ်တွင် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ်ထပ်မံကပ်ထားကြေညာ

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ကယားပြည်နယ်အတွင်း မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ ရပ်ကွက် /ကျေးရွာများတွင်

မယ်စဲ့မြို့နယ်တွင် အထူးရဲသင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း မဲရုံ၌ လုံခြုံရေးတာဝန်များ ကြပ်မတ်စွာ ဆောင်ရွက်နိုင်ရန်အတွက် အထူးရဲသင်တန်းကို ယနေ့ နံနက် ၉ နာရီက မယ်စဲ့မြို့ မြို့မရဲစခန်း အစည်း အဝေးခန်းမ၌ သင်တန်းဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

ဒီးမော့ဆိုတွင် နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများအား စစ်ဆေးအရေးယူ ဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်

မော်ချီး​ဒေသနှင့်ဖား​ဆောင်းမြို့အဝင်/ အထွက် ပူးပေါင်း စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်​နေမှု ကွင်းဆင်းကြည့်ရှု

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ခရီးသွား ပြည်သူများ ၊ ဒေသခံ ပြည်သူများ ၊ ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေး အတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် (၈) နာရီ အချိန်က မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးနှင့် ကော်မတီ ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်