ရှားတောမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

ရှားတော       အောက်တိုဘာ         

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့တွင်းသန့်ရှင်းသာယာလှပ စေရန်နှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို ယနေ့နံနက်()နာရီအချိန်က မြို့နယ်ခန်းမဆောင်တွင် ဆောင်ရွက်ခဲ့သည်။

စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့နှင့် တပ်ရင်းတပ်ဖွဲ့တို့က စုပေါင်း၍ မြို့နယ်ခန်းမဆောင် ပတ်ဝန်းကျင်ရှိ ပေါင်းမြက် များ၊ ခြုံနွယ်များကို ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ နံနက်()နာရီမှ ()နာရီအထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထွန်းအောင်(ပြန်/ဆက်)