လွိုင်ကော် စက်တင်ဘာ ၉
ကယားပြည်နယ် ၊ ရှားတောမြို့ရှိ စလောင်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမ အသင်းသားများသည် နှမ်းရိတ်သိမ်းချိန်တွင် သုံးစွဲနိုင်ရန်အတွက် ရိတ်သိမ်းစရိတ်လိုအပ်သဖြင့် ရိန်းဘိုး(Rain bow)ဝန်ဆောင်မှု သမဝါယမအသင်းမှ ပံ့ပိုးချေးငွေကျပ်သိန်း (၃၀၀) နှင့် ကယားပြည်နယ်သမဝါယမအသင်းစုချုပ်တို့မှ ပံ့ပိုးခေျးငွေကျပ်သိန်း (၁၃၀) ၊ စုစုပေါင်းပံ့ပိုးချေးငွေကျပ်သိန်း (၄၃၀) အားပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်သမဝါယမအသင်းစုချုပ်ရုံး၌ ပြုလုပ်ခဲ့သည်။
အဆိုပါပံ့ပိုးချေးငွေပေးအပ်ရာတွင် ကယားပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ပံ့ပိုးချေးငွေကျပ်သိန်း (၄၃၀)အား ရှားတောမြို့နယ် စလောင်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အမှုဆောင်အဖွဲ့ဝင်များ နှင့်ရှားတောမြို့နယ်သမဝါယမအသင်းစု ဉက္ကဌတို့ထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)