မယ်စဲ့ အောက်တိုဘာလ ၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးရှေ့၌ ယနေ့နံနက်က ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံ နံရံကပ်စာစောင်များ ပြသထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် ကလေးသူငယ်၊ လူငယ်နှင့်လူမှုမီဒီယာ အသုံးပြုမှု သဘောတူညီချက် တစ်ရပ်ပြုလုပ်ပါ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့်ရှောင်ရန်များ၊ သတင်းအချက်အလက်များက မည်သို့ဆက်စပ် အရေးပါကြောင်း၊ ကလေးများနှင့်အတူ စာဖတ်ပါ၊ မီဒီယာနှင့် သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘ၊ အုပ်ထိန်းမှု အတတ်ပညာ-နည်းလမ်းများ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်မှုယူဆချက်များ အစရှိသည့် ကိုဗစ်-၁၉ ဆိုင်ရာ ပြည်သူများ ဗဟုသုတရစေမည့် အသိပညာပေး ရုပ်ပုံများ နံရံကပ် စာစောင် ပြုလုပ်ပြသထားကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)