မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး နှင့်  ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဖရူဆို               အောက်တိုဘာ    

ကယားပြည်နယ် ဖရူဆိုမြို့နယ် မြို့မဈေးတွင် ယနေ့နံနက်ပိုင်းက မြို့နယ်  Coronavirus Disease 2019 ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်‌ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့်  စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး နှင့်  ကြိုတင်ကာကွယ် နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများ ၊ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ နှာခေါင်းစည်း  (Mask) တပ်ဆင်ပြီး သွားလာခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များ  စည်းကမ်းချက်များနှင့်အညီ  ပြည်သူများ လိုက်နာနေထိုင်သွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းကို မြို့နယ်  Coronavirus Disease 2019 ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေးကော်မတီဝင် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဈေးကော်မတီဝင်များ ပူးပေါင်းပြီး ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ ရှိစေရေးအတွက် နှာခေါင်းစည်း  တပ်ဆင်ခြင်းမရှိသူများအား (Mask) တစ်ခုကို ငွေကျပ် (၂၀၀)နှုန်း ဖြင့် ချက်ချင်းဝယ်ယူတပ်ဆင်စေဲ့ကြောင်း  သိရသည်။

တောရယ်(ပြန်/ဆက်)