ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသောပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရှားတော၊ အောက်တိုဘာ

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက မန်နေ့ နံနက် () နာရီအချိန်၌ လူသွားလူလာများသော အောင်ချမ်းသာရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် မင်းခေါင်လမ်းဆုံ တွင် ဆက်လက်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များဖြစ်ကြသော လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီချို ဦးဆောင်၍ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အောင်ချမ်းသာရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် မင်းခေါင်လမ်းဆုံ တွင် သွားလာနေသော ပြည်သူများအားမိမိတို့ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက မဖြစ်မနေ Mask တပ်ဆင် သွားလာရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် သွားရန် အသိပညာပေးပြောကြားပြီး Mask တပ်ဆင်ခြင်းမရှိသောပြည်သူများအား Mask () ခုကိုငွေကျပ် (၅၀၀) နှုန်းဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်းသိရသည်။

 

 

 

 

ထွန်းအောင်(ပြန်/ဆက်)