ကယားပြည်နယ်

ဒီးမော့ဆိုတွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဘောလခဲမြို့မဈေး၌ ရောင်းချနေသော သားငါးများ၊ကုန်ပစ္စည်းများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဘောလခဲမြို့မဈေး၌ ရောင်းချနေသော သားငါးများ၊ ကုန်ပစ္စည်း များ ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။

ဘောလခဲခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘောလခဲမြို့အဝင်/အထွက် စုပေါင်းဂိတ်တွင် ခရီးသွား ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှု များ ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘောလခဲ မြို့အဝင်/အထွက် စုပေါင်းဂိတ်တွင် ခရီးသွား ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှု အရှိန်မပျက်ဆောင်ရွက်နေမှုအား စစ်ဆေးခြင်းကို ယနေ့ နံနက် (၉)နာရီက ပြုလုပ်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း VRFP ဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ကျေးရွာ ၁၂ ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း VRFP ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းသည် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် လူမှုစီးပွားထိခိုက်မှုရှိသူများ၊ လုပ်ကွက်ငယ် တောင်သူများ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း

ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အရှိန်အဟုန်မပျက် အသိပညာပေးနှိုးဆော်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အတွက် အသိပညာပေးလုပ်ငန်းကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာတွင် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ လိုက်လံအသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများသို့ တိုက်တွန်းအကြံပြုချက်များနှင့် သိရှိလိုက်နာရမည့် အချက်များ၊ စည်းမျဉ်း၊ ဥပဒေများကို လိုက်နာ စောင့်ထိန်းခြင်းဖြင့် ရောဂါပိုးကာကွယ်ထိန်းချုပ်နိုင်ရေးကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ရပ်ကွက်၊ ကျေးရွာများ၌ ကျန်းမာရေးဦးစီးဌာန မော်တော်ယာဉ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ က အသံချဲ့စက်၊ Hand Speaker တို့ဖြင့် လိုက်လံအသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖရူဆိုမြို့နယ်တွင်  RC Structure အမျိုးအစား   (၄)ခန်းတွဲ (၃)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်း ပြီးစီး

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန  ခွင့်ပြုရန်ပုံငွေ (၂၅၇.၄) သန်း ဖြင့် ဆွတ်ရိန်နော်ကုမ္ပဏီ မှ တာဝန်ယူ တည်ဆောက်လျက်ရှိသေ

မြို့မစျေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများ၊ ဈေးရောင်းသူနှင့် ဈေးဝယ်သူများအား နှာခေါင်းစည်း (Mask)တပ်ဆင်အသုံးပြုခြင်းရှိမရှိ စစ်ဆေး

ကယားပြည်နယ် ဖရူဆိုမြို့နယ် မြို့မဈေး၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် စနစ်တကျတပ်ဆင် အသုံးပြုနိုင်ရေး အသိပညာပေးလုပ်ငန်း ဆက်လက်ဆောင်ရွက်လျက်ရှိရာ  ဈေးတွင်းဝင်ထွက် သွားလာသူများ၊ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား နှာခေါင်းစည်း(Mask) တပ်ဆင် အသုံးပြုခြင်းရှိမရှိ  စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်က ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ဆောင်ရွက်နေသော Cash for Work လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ဆောင်ရွက်နေသော Cash for Work လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီ ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နော်ချောစု ထံမှ သိရသည်။

ရွာသစ်မြို့တွင် သံလွင်မြစ်ရေ မြင့်တက်ခဲ့မှုကြောင့် သီးနှံထိခိုက်ပျက်စီးမှုအတွက် တောင်သူများ ထံ ထောက်ပံ့ငွေ လက်၀ယ်အရောက် ပြန်လည်ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် (၂၂.၈.၂၀၂၀)ရက်နေ့က သံလွင်မြစ်ရေ မြင့် တက်ခဲ့မှုကြောင့် သံလွင်မြစ်ကမ်းအနီးရှိ တောင်ယာ လုပ်ကိုင်သူများအား သီးနှံစိုက်ခင်း ထိခိုက် ပျက်စီးမှု ဖြစ်ပွားခဲ့သည်။
Subscribe to ကယားပြည်နယ်