ကယားပြည်နယ်

ဖား​ဆောင်းမြို့နယ်တွင် အသက်(၈၀)နှစ်ပြည့်ပြီး(၈၅)နှစ်​အောက်ရှိ​သော သက်ကြီးဘိုးဘွား(၄၄)ဦးအားတစ်ဦးလျှင် ​ထောက်ပံ့​ငွေကျပ်(၃၀၀၀၀)​ပေးအပ်

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်းရှိ အသက်(၈၀)နှင့်(၈၅)နှစ်ကြား ဘိုးဘွားများ အား ​ထောက်ပံ့​ငွေ​ပေးအပ်ခြင်းကို ယ​နေ့နံနက်(၈)နာရီအချိန်က  တာဝန်ရှိသူများက အိမ်တိုင်ရာ​​​ရောက် သွား ရောက် ​ထောက်ပံ့​ငွေ​ပေးအပ်ခဲ့​သည်။

ရွာသစ်မြို့ ရှေးဟောင်း ညောင်ခမ်းဘုန်းတော်ကြီးကျောင်းအ၀င် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ကယားပြည်နယ်၊ ဘောလခဲခရိုင်-ရွာသစ်မြို့၌ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ဖြည့်စွက် ရန်ပုံငွေဖြင့် ဆောင်ရွက်သော နှစ်ပေါင်း (၁၅၀) ကျော်ခန့်ရှိ ရွာသစ် ရှေးဟောင်း ညောင်ခမ်း ဘုန်းတော်ကြီးကျောင်း အ၀င် ပေ(၄၀၀) ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို (၂၇.၃.၂၀၂၀)ရက်နေ့ တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

လင်ဖုံလေးကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းသော်လည်း ကိုဗစ်-၁၉ ကြောင့် စျေးနှုန်းများ ကျဆင်းရာ တောင်သူများအခက်ကြုံ

ကယားပြည်နယ်၊ လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာရှိ တောင်သူ များသည် စိုက်ပျိုးရေး လုပ်ငန်းများဖြင့် မိရိုးဖလာအသက်မွေးဝမ်းကြောင်းအဖြစ် မိသားစု တစ်ပိုင်တစ်နိုင် သီးနှံစိုက် ခင်းများ ထွန်ယက် စိုက်ပျိုးခဲ့ကြသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ နေ့/ညမပျက် စစ်ဆေးဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက် စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယမန်နေ့ ညပိုင်းက လွိုင်ကော်မြို့ မြို့လယ်နာရီစင်တွင်လည်းကောင်း၊ ယနေ့ နံနက်ပိုင်းက နောင်ယား ဈေးတွင် လည်းကောင်း ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းပိတ်ထားချိန် မိဘနှင့် သားသမီး ပြုစုစောင့်ရှောက်ရေး နည်းလမ်း ကောင်းများ ဆွေးနွေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်- ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းပိတ်ထားချိန် မိဘနှင့် သားသမီး ပြုစုစောင့်ရှောက်ရေး နည်းလမ်းကောင်းများ

ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းများ ကြည့်ရှု စစ်ဆေး

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်နေသော Cash for Work စီမံကိန်းနှင့်

ဒီးမော့ဆိုမြို့နယ်တွင် အသက်(၈၀)နှစ်ပြည့်ပြီး အသက်(၈၅)နှစ်အောက်ရှိသော သက်ကြီး ဘိုးဘွား (၂၃၈) ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ ပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီး ဌာနမှ ကိုဗစ်-၁၉ စီပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှစ်ပြည့်ပြီး အသက် (၈၅) နှစ်အောက် သက်ကြီးဘိုးဘွားများအား

မယ်စဲ့မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိပြီး မဲစာရင်းကြည့်ရှုသူနှင့် ပြင်ဆင်ခြင်းများ လာရောက်ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးနှင့် အုပ်ချုပ်ရေးမှူးနေအိမ်များတွင် ကပ်ထားကြေညာလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ဖြစ်ကြသည့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုင်းပွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်စောဝတ်ရည်နှင့်အဖွဲ့က မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်