မယ်စဲ့ အောက်တိုဘာ ၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်မန်းချောင်း တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး နမ့်မန်းရေပေးမြောင်းပေါင် အလျားပေ ၄၀၀ ထိပ်ဝ အကျယ် ၈ ပေ၊ အနက် ၁၅ ပေ ခန့် ရေတိုက်စားပျက်စီး သွားခဲ့သည်။
အဆိုပါ ရေတိုက်စားပျက်စီးသည့် အပိုင်းအား ဘောလခဲခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းမြင့်ဦးနှင့် ဝန်ထမ်းများက နမ့်မန်းရေပေးမြောင်းပေါင် မြေပြန်လည်ဖို့ခြင်း လုပ်ငန်း (၅၀၀ x ၂၀ x ၁၆) ပေကို ပြည်နယ်ရန်ပုံငွေကျပ် ၁၇.၁ သန်းဖြင့် လည်းကောင်း၊ နမ့်မန်းချောင်း အား မူလလမ်းကြောင်းအတိုင်း ရေလမ်းကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်း (၁၃၀၀ x ၃၀ x ၁၀) ပေကို ပြည်နယ်ရန်ပုံငွေကျပ် ၉ သန်းဖြင့်လည်းကောင်း ပြုပြင်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်က ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)