ကယားပြည်နယ်

(HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် စတင်ထည့်သွင်း ထိုးနှံခြင်း အခမ်းအနား ဖရူဆိုတွင် ကျင်းပ

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် စတင်ထည့်သွင်းထိုးနှံခြင်း အခမ်းအနား ကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီကခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကာကွယ်ဆေး ထိုးနှံမည့် အမျိုးသမီးငယ်များ တက်ရောက်ကြသည်။

မယ်စဲ့မြို့နယ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း မြို့နယ်အဆင့်အသိပေးခြင်းနှင့် ကာကွယ်စတင်ဆေးထိုးနှံ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  အိတ်ချ်ပီဗီ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းခြင်း မြို့နယ်အဆင့် အသိပေးခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ တိုးချဲ့လူနာ နှစ်ထပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေးအားပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် စတင်ထည့်သွင်း ထိုးနှံခြင်းအခမ်းအနားဒီးမော့ဆိုတွင် ကျင်းပ

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးအားပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် စတင်ထည့်သွင်းထိုးနှံခြင်း အခမ်းအနားကို ယနေ့ မွန်းလွှဲ ၁ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောစိန်ထွန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ်များတက်ရောက်ကြသည်။

ဖရူဆိုမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာ (၇)ရွာနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း (၃) ရွာ ရွေးချယ်

ကယားပြည်နည် လွိုင်ကော်ခရိုင် ၊ ဖရူဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်  အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာ (၇)ရွာနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (၃)ရွာ ရွေးချယ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အိတ်ချ်ပီဗီကာကွယ်ဆေး (HPV) Vaccine ကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဥ်တွင် စတင်ထည့်သွင်း ထိုးနှံခြင်း အသိပေးဆွေးနွေး

ကယားပြည်နယ်၊ဘောလခဲခရိုင်၊‌‌ ဘောလခဲမြို့နယ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး(HPV)Vaccineကို ပုံမှန် ကာကွယ် ဆေးထိုးအစီအစဥ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲကို ယနေ့နေ့လည် (၁၂)နာရီ အချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) စတင်ထည့်သွင်းထိုးနှံပေး

လွိုင်ကော်ခရိုင် ၊ လွိုင်ကော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  လွိုင်ကော်မြို့နယ်အတွင်း  သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး  (HPV)စတင်ထည့်သွင်းထိုးနှံပေးခြင်းနှင့်  ပတ်သက်၍အသိပညာပေး    ဆွေးနွေးခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က    မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။

မယ်စဲ့မြို့နယ်တွင် (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေများဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေ မှုအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေများဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယနေ့ နေ့လယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဘောလခဲခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမ ှရွေးကောက်ပွဲ ဆိုင်ရာစုဝေး ဟောပြော ခြင်းနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာများ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)ဖျက်သိမ်းခြင်း၊ ပါတီကိုယ် စားပြု ကိုယ်စားလှယ်လောင်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန် က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ကျင်းပသည်။

ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မီဒီယာနှင့်သတင်းအချက်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးရုပ်ပုံများ ပြသထား

ကယားပြည်နယ်၊ ဘောလခဲခရိုင်-ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်း က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ပြည်သူများအနေဖြင့် သတင်းအချက်အလက် များ မှန်ကန်စွာ သိရှိပြီး အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ နံရံကပ်စာစောင် ပြသထားသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ နေ့/ညမပျက် စစ်ဆေးဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင် ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထ ရရှိစေရန် ရည်ရွယ်၍ လမ်းသွား ၊ လမ်းလာ ပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ည မပျက်စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ထေးသမရပ်ကွက်လမ်းဆုံနှင့် ညနေပိုင်းက မြို့လယ်နာရီစင်တို့၌ ဆောင်ရွက်ခဲ့သည်။
Subscribe to ကယားပြည်နယ်