ဖရူဆို အောက်တိုဘာ ၂၁
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဖရူဆိုမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် စတင်ထည့်သွင်းထိုးနှံခြင်း အခမ်းအနား ကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီကခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကာကွယ်ဆေး ထိုးနှံမည့် အမျိုးသမီးငယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းဗီဒီယိုအား ပြသသည်။
ဆက်လက်၍ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရဲလင်းစိုး က သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့ပေါ်ရပ်ကွက်ရှိ အသက် (၉) နှစ်မှ (၁၀) နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးထိုးနှံပေးပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ သည်။ ဖရူဆိုမြို့နယ်တွင် အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)