ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မီဒီယာနှင့်သတင်းအချက်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးရုပ်ပုံများ ပြသထား

ရွာသစ် အောက်တိုဘာ ၂၀

ကယားပြည်နယ်၊ ဘောလခဲခရိုင်-ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်း က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ပြည်သူများအနေဖြင့် သတင်းအချက်အလက် များ မှန်ကန်စွာ သိရှိပြီး အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ နံရံကပ်စာစောင် ပြသထားသည်။

အဆိုပါ နံရံကပ်စာစောင်များ ပြသထားရာတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးများ၊ မီဒီယာနှင့်သတင်း အချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူ အတတ်ပညာနည်းလမ်းများ၊ ကလေးသူ ငယ်/လူငယ် နှင့် လူမှုမီဒီယာအသုံးပြုမှု သဘောတူညီချက်တစ်ရပ် ပြုလုပ်ပါ၊ ကလေးများနှင့်အတူတူ သတင်းကြည့်ရာဝယ်၊ အချက်အလက်နှင့် ထင်မြင်ယူဆချက်တို့ကို ခွဲခြားဖို့ ခက်နေပါသလား၊ စသည့် အသိပညာပေး နံရံကပ်ပိုစတာ ရောင်စုံများအား နံရံကပ်ပြဘုတ်များဖြင့် ပြသထားကြောင်း သိရသည်။

နန်းဆွေဆွေအေး (ပြန်/ဆက်)