ဘောလခဲ အောက်တိုဘာ ၂၀
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး(HPV)Vaccineကို ပုံမှန် ကာကွယ် ဆေးထိုးအစီအစဥ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲကို ယနေ့နေ့လည် (၁၂)နာရီ အချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်ဝင်းေဌးမှအိတ်ချ်ပီဗီ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်းလျော့ချပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ မြို့နယ်အတွင်း ရှိအသက်(၉)နှစ်မှ(၁၀)နှစ်ထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကလေးငယ်များ အတွက်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း အစီအစဥ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး အားထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ သားအိမ် ခေါင်းကင် ဆာကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၁၀ပြည့်နှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် သြဂုတ်လ အတွင်း မွေးဖွားသည့် အသက်(၉)နှစ်မှ(၁၀)နှစ်ထိအမျိုးသမီးငယ်များကို တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ရက် နေ့တွင်စတင်၍ ပုံမှန်ကာကွယ်ဆေး ထိုးအစီအစဥ် တွင်ကာကွယ် ဆေးအနေဖြင့် (၁၃)မျိုးမြောက်အဖြစ် ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖိုးရယ်